Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ နိုင်ရေးအတွက် GACC တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်စဉ် ကြုံတွေ့ရသော အခက်အခဲများ နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Last Updated:

နေပြည်တော်၊ ဇန်နဝါရီ ၇ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့ ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်တွင် Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များ လျင်မြန်ချောမွေ့စေရန်နှင့် စပ်လျဉ်း၍ Competent Authority ဌာနများမှ Contact Person များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

လုပ်ငန်းအဖွဲ့၊ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့နိုင်ရေးအတွက် GACC တွင် မှတ်ပုံတင်ခြင်း (Registration) လုပ်ငန်းများ ဆောင်ရွက်စဉ်ကြုံတွေ့ရသော အခက်အခဲများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာဌာနများမှ ကြိုးစားလုပ်ကိုင်နေရသည်များ တွေ့ရှိရပြီး၊ ကုမ္ပဏီများမှ ဆက်သွယ်မေးမြန်းလာသည်များကို စိတ်ရှည်စွာ ဖြေကြားပေးသည် များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ Competent Authority များ၊ Contact Person များ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှစီးပွားရေးသံမှူး၊ ဒေါ်ရွှေစင်ဦး နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊  စိုက်ပျိုးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန တို့မှ Contact Person များ၊  တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာသံရုံး၊ပေကျင်းမြို့မှ စီးပွားရေးသံမှူး၊ ဒေါ်ရွှေစင်ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ကိုယ်စားလှယ် အပါအဝင် စုစုပေါင်း(၂၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး အခမ်း အနားကို နေ့လယ် ၁၂ နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

Category: Local News